မြစ်သား ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်နည်းပညာ အထောက်အကူပြုအဖွဲ့မှ နည်းပြဆရာများက မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့အနော်ရထာခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုးနှင့် ခရိုင်နည်းပညာထောက်အကူပြုအဖွဲ့မှ သင်တန်းနည်းပြဆရာများက ဇန်နဝါရီ ၁၆ရက်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး ၃၅၀ တို့ကို လက်တွေ့သင်ကြားပို့ချပေးကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)