မြင်းခြံမြို့ မြတ်မဟော်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြတ်မဟော်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက “ကျောင်းသား/ကျောင်းသူများ ဗလငါးတန်းနှင့် ပြည့်စုံစေရန် ကာယဗလဆိုတဲ့ ကိုယ်ကာယကြံ့ခိုင်အောင် ကိုယ်လက်လှုပ်ရှားရမယ်၊ အစားအသောက်တွေဆင်ခြင်ရမယ်၊ ဉာဏဗလ ပြည်စုံစေရန်လည်း ကျောင်းကပေးလိုက်တဲ့ အတန်းပညာတွေကို အမြဲလေ့လာရမည်ဖြစ်‌ကြောင်း၊ ဘောဂဗလနဲ့ ပြည်စုံမှ စီးပွားရေးကို သမာအာဇီဝနဲ့ ရှာဖွေတတ်လာမယ်၊ စာတွေဖတ်ရမယ်၊ ဒါမှသာလျှင် အရွယ်ရောက်လာရင် စီးပွားရေးကောင်းမွန်စွာ ရှာဖွေနိုင်မည် ဖြစ်ကြောင်း၊ မိတ္တဗလဖြစ်တဲ့ မိတ်ကောင်းဆွေကောင်းရရှိအောင် မိမိသူငယ်ချင်းများကို လေးစားရမယ်၊ ချစ်ခင်ရမယ်၊ ဒါမှသာ မိတ်ဆွေကောင်းရရှိပြီး ဘဝခရီးကောင်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ဗလငါးတန်းထဲမှ စာရိတ္တဗလသည် အရေးကြီးကြောင်း ကိုယ်ကျင့်တရားတွေကောင်းအောင် နေနိုင်ထိုင်ရမယ်၊ စာရိတ္တကောင်းမှ အရာရာ အဆင်ပြေနိုင်ကြောင်း” စသည်များအား ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ် စာစောင်များနှင့် အသိပညာပေးနံရံကပ်များ ပြသထားရာ ကျောင်းသား/ကျောင်းသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)