ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကျင်းပ

အမရပူရ ဇန်နဝါရီ ၁၇

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲတစ်ဦးချင်းနှင့် အသင်းလိုက် ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂၌ ကျင်းပသည်။

ဦးစွာ ရတနာပုံတက္ကသိုလ် စစ်တုရင်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာနှင်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာနှင်းမင်းစိုးက စကွက်ရွှေ့ပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပခဲ့ပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၂၈ တို့သည် ၂၀၀ဝခုနှစ် (FIDE LAW OF CHESS) ဥပဒေနှင့်အညီ ပြိုင်ပွဲကို (Swiss System) ဖြင့် (၇)ပွဲ ကစားခဲ့ပြီး တစ်ဦးချင်းနှင့် အသင်းလိုက် အရောပုံစံဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)