ငါန်းဇွန် ဇန်နဝါရီ ၁၇
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်တွင် ငါန်းဇွန်မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာ၌ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့သွားရောက်ရန် လိုအပ်သူများအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ညွှန်ကြားချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများပေးနိုင်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅(ခ)နှင့် အကျုံးဝင်သည့် မဲဆန္ဒရှင်များအတွက် ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သက်နောင်ဦး