မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၁၇

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက် Sweety Home Living Mallအရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဦးစွာအသိပညာ‌ပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမင်းမင်းစိုးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်မှုများ ဆောင်ရွက် ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုအခမ်းအနားသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညွှန့်ဝင်း‌အောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ခံ ဒေါ်သင်ဇာအောင်နှင့်ဝန်ထမ်းများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း