ညောင်ဦးမြို့၌ ဟိုတယ် မိုတယ် တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေးကွင်းဆင်း ဆောင်ရွက်  

ညောင်ဦး ဇန်နဝါရီ  ၁၇

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက် နှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊တောင်ဘီကျေးရွာအတွင်းရှိ Thiri Pyitsaya Sakura ဟိုတယ်တွင် ဟိုတယ်ဝန်ထမ်း ၆၀ ဦးခန့်အား ဟိုတယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးကွင်းဆင်းဆောင်ရွက် အသိပညာပေးခြင်းနှင့်လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ ဟိုတယ်ဝန်ထမ်း ၆၀ ဦးခန့်အား မီးဘေးကြိုတင်ကာ ကွယ်ရေး အသိပညာပေးဟောပြောခြင်း ဟိုတယ်တွင် အသင့်စီမံဖြည့်တင်း ဆောင်ရွက် ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ၊မရှိ စစ်ဆေး ခြင်း အသေတပ် ဆင်ထားရှိသော မီးခိုး၊အပူ ဓါတ်ငွေ့ ထောက်လှမ်းမှုကိရိယာများ Fire Alarm Bell များ၊ manual call point စနစ်များ၊ Hydrant နှင့် Hoose Reel စနစ်များ၊ Fire alarm bell နှင့် manual call point စနစ်များ၊ ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ ပတ်ဝန်းကျင် မီးဘေးစိုးရိမ် ရမှုအခြေအနေများ၊  မီးသတ်ယာဉ် ဝင်/ထွက်လမ်းတို့အား မြို့နယ်မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးတို့မှ လှည့်လည်စစ်ဆေး အကြံပြုဆောင်ရွက်ခဲ့ကြပြီး ဟိုတယ်/ခရီးလိုင်စင်စည်း ကမ်းချက်မှားနှင့် အညီ လုပ်ငန်းလုပ်ကိုင်ရေးနှင့် မီးသတ်ဦးစီး ဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate (FSC) အားလျှောက်ထားရယူသွား ရေးတို့အား ဖြည့်စွက်အကြံပြုကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက Harritage ဟိုတယ်ရှိ ဝန်ထမ်း ၆၀ ဦးခန့်အား မီးလောင်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရပါက စိုးရိမ်ကြောက်ရွံ့ မှုကင်းရှင်းစွာ စိတ်တည်ငြိမ်စွာနှင့် မီးကိုစနစ်တကျ ထိရောက်စွာ ငြိမ်းသတ်ဆောင်ရွက် တတ်စေရေးအတွက် လက်တွေ့မီးငြှိမ်းသတ်တတ်စေရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ အား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                                                     

ဒီပါလင်း