ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည်(ယာယီ)ကားကွင်းအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပြည်ကြီးတံခွန်  ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီး တံခွန်မြို့နယ်တွင် ချမ်းမြရွှေပြည် (ယာယီ)ကားကြီး ကွင်းအတွင်း၌ မီးလောင်မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မီးဘေးလုံခြုံ ရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ သန္ဓေ ၁၆ ဦး၊ အရန် ၁၂ ဦးနှင့် စည်ပင်သာယာ‌ရေး ၀န်ထမ်းများ ပူးပေါင်းကာ ချမ်းမြရွှေပြည် (ယာယီ) ကားကြီးကွင်းအတွင်း မီး‌ဘေးကြိုတင်ကာကွယ်‌ရေး အတွက် ဟောပြောသရုပ်ပြသခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေ ရေးမှာကြားပြီး မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)