တောင်သာ ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ မဲရုံပတ်ဝန်းကျင်နေအိမ်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်စွာ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တောင်သာမြို့ပေါ် ၆ ရပ်ကွက်အတွင်းရှိ မဲရုံပတ်ဝန်းကျင် အနီးနေအိမ်များတွင် မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် ဂရုစိုက်အသုံးပြုရေး မီးသတ်ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေးစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေး အကြံပြုချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)