ချမ်းမြသာစည်မြို့နယ်၌ Voter Slip များ ဖြန့်ဝေ

ချမ်းမြသာစည် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရက်ကွက်များအလိုက် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် မဲဆန္ဒရှင်များအနေဖြင့် မဲပေးစက်အသုံးပြု၍ မဲပေးပုံ၊ မဲရုံအတွင်း ဆောင်ရန်‌/ ရှောင်ရန်အချက်များနှင့် မဲစာရင်းအမှတ်စဉ်များ သိရှိထားပါက ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မဲရုံသို့ လာရောက်မဲပေးနိုင်ရေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည်ပြန်/ဆက်)