ချမ်းမြသာစည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်‌​ဆောင်ရွက်သွားကြရန်၊ ယာဥ်စက်များနှင့် တပ်ဖွဲ့ဝင်များ သင့်(၄)သင့်၊ မြန် (၃) မြန် ရှိစေရေးနှင့် တပ်ဖွဲ့ဝင်များ ကျန်းမာရေးအထူးဂရုစိုက်ကြရန် စသည့်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်း၊ အရန်မီးသတ်အရာရှိများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၉၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)