ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၌ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန်  ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ငလျင်ဒဏ်ကြောင့် လုံးဝပြိုကျ ပျက်စီးခဲ့သည့် ဝါးထရံကာအိမ် ၂ လုံးအတွက် အိမ်ထောင်စု ၂ စုအား အိမ်‌ထောင်စု ၁ စုလျှင် သိန်းနှစ်ဆယ်တန် ချက်လက်မှတ်နှင့် သွပ်မိုး ခုနှစ်ဆယ်လေးချပ်အား ထောက်‌ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဝါးထရံကာအိမ်များအတွက် အိမ်ထောင်စု ၉ စုအတွက် အိမ်ထောင်စု ၁ စုလျှင် ခြောက်သိန်းခြောက်သောင်း ခြောက်ထောင်ခြောက်ရာတန် ချက်လက်မှတ်နှင့် အမိုးသွပ်နှစ်ဆယ့်လေးချပ် ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း အိမ်‌ထောင်စု ၁၁ စုအတွက် တန်ဖိုးငွေ ကျပ်သိန်း ခုနှစ်ဆယ့်ကိုး သိန်းကိုးသောင်းကိုးထောင် ခြောက်ရာကျပ်တန် ချက်လက်မှတ်များနှင့် စုစုပေါင်း သွပ်မိုး နှစ်ရာကိုးဆယ့်နှစ်ချပ်ရှိကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ ဆက်)