ငါန်းဇွန် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပသွားမည်ဖြစ်ရာ မဲရုံထားရှိမည့် အဆောက်အအုံများနှင့် မဲရုံပတ်ဝန်းကျင်ရေရာများ သန့်ရှင်းရေးနှင့် မီးဘေးလုံခြုံရေးတို့ကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် မီးလန့်မှု၊ မီးလောင်မှု မဖြစ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံထားရှိမည့် အဆောက်အအုံများ၊ သန့်ရှင်းမှုရှိစေရေး၊ လှည့်လည်စစ်ဆေး၍ သဲ၊ ရေ၊ လှေကား၊ မီးချိတ်မီးကပ်နှင့် မီးသတ်ဆေးဘူးများ အသင့်ထားရှိရေးတို့ကို မီးသတ်ဦးစီးဌာနက အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)