‎မဟာ‌အောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်

မဟာအောင်မြေ ဇန်နဝါရီ ၂၂

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းအစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၉ နာရီခန့်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ့မှုရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား အသက်အရွယ်အလိုက်ပိုင်းခြား၍ ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ရေး)၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးပြီး ကလေးသူငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း