ငါန်းဇွန် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်း၏ စီမံကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ငါန်းဇွန်မြို့၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်း၏ စီမံကြီးကြပ်မှုဖြင့် ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သော အ-ထ-က ငါန်းဇွန်၊ အ-ထ-က ခြင်္သေ့လက်၊ အ-မ-က (၁)၊ အ-မ-က (၂)၊ အ-မ-က (၃)၊ အ-မ-က (၄) စသည့် ကျောင်းများမှပြိုင်ပွဲဝင် (၂၂)ဦးရှိရာ ယင်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ ပြိုင်ပွဲကို နံနက်(၁၀)နာရီမှ (၁၁)နာရီထိ တစ်နာရီမေးခွန်းအဖြစ် သတ်မှတ်၍ နေရာခွဲကာအုပ်စု သုံးစုခွဲယှဉ်ပြိုင်ဖြေဆိုစေခဲ့ကြောင်း သိရသည်။
ရုပ်ပုံကြည့် စာစီစာကိုးပြိုင်ပွဲ ကျင်းပရခြင်းမှာ “ကလေးများ သင်ယူပြီးသည့် ကျောင်းစာအပြင် ကိုယ်ပိုင်အသိ ဗဟုသုတစဉ်းစားတီထွင်ခြင်း၊ တွေးတတ်ရေးတတ်မှုဖြင့် စာစီစာကုံး ရေးသားမှု ထူးချွန်ကြစေရန်နှင့် စာပေဖတ်ရှုတတ်သည့် အလေ့အထရရှိကြစေရန် ရည်ရွယ် ကြောင်း” မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)