သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာအုပ်စု၊ ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်‌ချောင်း ရေပြင်ကျယ်၌ အင်းချောင်းများအတွင်း ငါးသားပေါက် ကောင်ရေ ၁၁၅၀၀၀‌ ငါးမျိုးစိုက်ထည့်

သာပေါင်း ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ ရေသယံဇာတတိုးပွားစေရေးနှင့်မပြုန်းတီးတိုးပွားပေါများလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှု မြင့်မားလာနိုင်ရေး၊အင်းချောင်းများအတွင်း ငါးမျိုးပြုန်းတီးမှုမှကာကွယ်ရန်၊ စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရန်၊ သားစဉ်မြေးဆက်ငါးစားသုံးနိုင်ရန်၊ ရေလုပ်သားများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ အင်းချောင်းများ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၁၀ နာရီအချိန်က အုပ်ရှစ်ကျေးရွာအုပ်စု၊ ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်‌ချောင်း ရေပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ကြသည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှုကော်မတီ၀င်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့်ဌာနဆိုင်ရာတို့က အင်းလုပ်သားကြီးများလက်၀ယ်သို့ ငါးမျိုးစိတ်များ လွှဲပြောင်းပေးအပ်ကြပြီး အုပ်ရှစ်ကျေးရွာအုပ်စု၊ ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်ချောင်းရေပြင်သို့ ငါးမြစ်ချင်း (၂) လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၁၁၅၀၀၀‌ တို့အား စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)