အောင်မြေသာစံ ဖေဖော်ဝါရီ ၂
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဂေါပကနှင့် အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသော ပထမအကြိမ် စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၃၁ ရက်၊ မွန်းလွဲပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှေ့ရှိ ကွင်းပြင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ အမှတ်ပေးဒိုင်ချုပ် ဦးမောင်မောင်အေးနှင့်ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်း (၈) သင်းမှ ကြီးကြပ်၊ အုပ်ချုပ်သူနှင့်ပြိုင်ပွဲဝင်များ၊ ဧည့်ပရိတ်သတ်များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ တာဝန်ရှိသူများက ဖဲကြို့ဖြတ်ဖွင့်လှစ်ပေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားနှင့် ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်းအကြောင်း ပြောကြားကာ အမှတ်ပေးဒိုင်ချုပ်က အမှတ်ပေးအကဲဖြတ်မည့် စည်းမျဉ်းစည်းကမ်းများကို ကြိုတင်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကို ယှဉ်ပြိုင်ကျင်းပရာ သက်ဆိုင်ရာပြိုင်ပွဲဝင်အသင်းများမှ ပရိတ်သတ်များ၊ ဘုရားဖူးပြည်သူများနှင့်တာဝန်ရှိသူများက အားပေးကြည့်ရှုကြပြီး အမှတ်ပေးဒိုင်အဖွဲ့ကလည်း အကဲဖြတ်အမှတ်ပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပထမဆုရ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား ငွေသားဆု ၁၀ သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရနန်းတော်ရှေ့လူမူကူညီရေးအသင်းအား ငွေသားဆု ၇ သိန်းကျပ်ကိုလည်းကောင်း၊ တတိယဆုရ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနအသင်းအား ငွေသားဆု ၅သိန်းကျပ်အားလည်းကောင်း၊ နှစ်သိမ့်ဆုရ အောင်မြေသာစံခရိုင် ပညာရေးမှူးရုံးအသင်း၊ အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ မတ္ထရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်း၊ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအသင်းတို့အား ငွေသားဆု (၁) သိန်းကျပ်စီတို့အား အသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)