ဘားအံမြို့၌ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရောင်းချမှုရှိစေရေး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့်စစ်ဆေး

  ၂၀၂၆ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဘားအံမြို့ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဘားအံမြို့၊ ကမ်းနားမုန့်ဈေးတန်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်များအား ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့် အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘားအံမြို့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယာယီတာဝန်ခံ ဒေါ်မေသူနွယ်၊ ဦးစီးအရာရှိ၊ ဒေါ်ဖြိုးဖြိုးပြည့်စုံနှင့် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များက ကမ်းနားလမ်းမုန့်ဈေးတန်း အစားအသောက် ရောင်းချသည့်ဆိုင်များရှိ အစားအသောက်နမူနာ (၁၅) မျိုးအား ကျပန်းကောက်ယူ၍ ရွှေလျားဓာတ်ခွဲယာဉ် (Mobile Lab Van) ပေါ်တွင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်မှုရှိ/မရှိ Rapid Test Kid ဖြင့် ဓာတ်ခွဲစစ်ဆေးသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)