ပြင်ဦးလွင်မြို့တွင် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ 

ပြင်ဦးလွင် ဖေဖော်ဝါရီ ၆ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၅၊ M Hostel ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊  မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အခြေခံ သမဝါယမအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်တင်မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက အမှာစကားပြောကြားခြင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်မှ အသင်းနှင့် ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခြင်း မြို့နယ်သမဝါယမအသင်းစု မန်နေဂျာဒေါ်ရီရီသိန်းမှ အသင်း၏ဘဏ္ဍာရေးရှင်းတမ်းများကို အသေးစိတ်ရှင်းလင်းဖတ်ကြားပြီး သဘာပတိက တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခဲ့၍ တာဝန်ရှိသူများက အခြေခံသမဝါယမအသင်းများသို့ အစုပေါ်အမြတ် ကျပ်သိန်း ၄၀ ကျော် ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)