ခရမ်း ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် မူလတန်းအဆင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီတွင် အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (Grade-4) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျှင် ဘာသာရပ်နှစ်ခုအားဖြေဆိုမှာဖြစ်ပြီး (Grade-6၊ Greade-7၊ Grade-8၊ Grade-10၊Grade-11) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိဖြေဆိုမည်ဖြစ်သည်။ (Grade-12) ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့အဆင်ပြေစွာ ဖြေဆိုနိုင်ရန် သက်ဆိုင်ရာစာမေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)