စမ်းချောင်း ဖေဖေါ်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖေါ်ဝါရီ ၃ ရက်နေ့ မွန်းလွဲ (၂) နာရီက ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ စမ်းချောင်းမြို့နယ် အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)