လှိုင်သာယာ (အရှေ့ပိုင်း) မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝါဝါထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး (တွဲဖက်) ဒေါ်ခင်နီနီလွင်က နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတွေးအမြင်တည်ငြိမ်ရင့်ကျက် ဉာဏ်ရည်ထက်မြက်လာစေရန်၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြုမူပြောဆိုနေထိုင်တတ်၍ အများအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်သော လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ရာ နွေရာသီအခြေခံပန်းချီသင်တန်းကို မေလ (၁၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၁၄) ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါထွန်း (ပြန်/ဆက်)