ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့နယ် အ.လ.က (၁) ဗိုလ်ချုပ်ကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် အ.လ.က (၁) ဗိုလ်ချုပ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

တွံတေးမြို့နယ်တွင် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော် အသိပညာပေး Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် သင်္ဘောဆိပ်တို့တွင် ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။

လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးတွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် အနံ့အသက်များ ကင်းစေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးတွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် အနံ့အသက်များ ကင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလုပ်သမားများက ဈေးအတွင်း/အပြင် ရေမြောင်းများ တူးဖော်ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုးကျွန်းမြို့နယ်၌ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အ‌ရောက် ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူမဲ‌ပေးကြမယ်” ရွေးကောက်ပွဲ လှုပ်ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ယနေ့နံနက် (၈) နာရီအချိန်တွင် မြို့နယ်ကာကွယ်ရေးအဖွဲ့စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့မှ အနော်ရထာလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်တွင် ဆိုင်ကယ်စီးနှင်းကြသော ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့စီးနှင်းနေသော ဆိုင်ကယ်များအား စစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

တံတားမြို့၌ ဒို့အတူမဲပေးကြမည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကို ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ နိုင်ငံသားတိုင်းအခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်၂ နစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်များ မိခင်များနှင့် မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ်နေရာများတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့ အ.မ.က (ပေါက်တော) ကျောင်း၌ စာဖတ်သူတိုးပွားရေး အသိပညာပေးဟောပြော

သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သူတိုးပွားစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီက အ.မ.က (ပေါက်တော) ၌ စာဖတ်သူတိုးပွားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့သည်။

အလုံမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

အလုံခရိုင်၊ အလုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့‌ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး