သန်လျင်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံ
သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အောင်မင်္ဂလာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။