ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင်မြို့နယ်အတွင်းရှိ YBS ကားဂိတ်များ၊ အ‌ခြေခံပညာကျောင်းများနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ဗညားဒလလမ်းရှိ ယုဇနပလာဇာဈေးတွင် မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာစာသင်ကျောင်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဘေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ဘီအိုစီကားမှတ်တိုင်နှင့် ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ စံပြဈေးကားမှတ်တိုင်တို့ရှိ ခရီးသွားပြည်သူများနှင့် ဦးတင်ဦးလမ်းပေါ်ရှိ ပျံကျဈေးအတွင်း ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများထံသို့ "ဒို့အတူတူမဲပေးကြမယ်" စာသားနှင့် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" စာသားများပါ လက်ကမ်းစာစောင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝါဝါဝင်းမြိုင်ပါဝန်ထမ်းများဖြင့် လက်ကမ်းစာစောင် (၁၀၀၀) စောင်အား ဒီဇင်ဘာလ ၄ ရက်နေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ပါကြောင်းနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ထွန်းထွန်းလတ်ဦးစီး (၁+၆) ဦးတို့မှ လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဘင်ခရာအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ /သားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်၊ စတစ်ကာကပ်ခြင်းကမ်ပိန်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ /သားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်၊ စတစ်ကာကပ်ခြင်း ကမ်ပိန်းများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၊ အလုံမြို့နယ်၊ သခင်မြပန်းခြံရှေ့နှင့် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့ နေ့လယ် (၂) နာရီ၌ အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား တာ၀န်ရှိသူများက လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။

ရန်ကင်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” Billboard များစိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” Billboard များစိုက်ထူခြင်းကို ယ‌နေ့နံနက်ပိုင်းက လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

သာကေတမြို့နယ်ရှိ ရပ်ကွက်များတွင် Billboard ပိုစတာများ စတင်စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်း၊ အမှတ်(၅)ရပ်ကွက်၊ မြကန်သာပန်းခြံရှေ့နှင့် အမှတ်(၉)ရပ်ကွက်၊ ဧရာ၀ဏ်လမ်း၊ အတွင်းရှုခင်းသာလမ်းထောင့်နေရာတို့တွင် ယမန်နေ့နံနက်(၈:၃၀)အချိန်က မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် ဒေါ်ခင်သင်းသင်းဇော် (စီမံကိန်း)၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ အတွင်းရေးမှူး ရဲမှူးညွန့်၀င်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် ဦးသန်းဇော်ဦးနှင့် အတွင်းရေးမှူး ဒေါ်နှင်းယုကျော်၊ ဒုလဝကမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးထွန်းမင်းစံ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုး၀င်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်စေရန် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" စာသားပါ (၈ပေ×၄ပေ)ပိုစတာ(၂)ခု စိုက်ထူပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်၊၊

သန်လျင်မြို့နယ် ကရင်ဆိပ်ခေတ်မီစံပြကျေးရွာတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်ခေတ်မီစံပြကျေးရွာနေ ပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာရှိ ပညာမိခင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး