ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်ကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘောအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်‌‌နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နိုင်ငံသံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဒလမြို့နယ် သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ ဓနုတ်စံပြကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (၁ဝ) ကီလိုမီတာ (အမျိုးသား/အမျိုးသမီး) အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (၁ဝ) ကီလိုမီတာ (အမျိုးသား/အမျိုးသမီး) အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ခရမ်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" Billboard များ စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” Billboard များစိုက်ထူခြင်းကို ယ‌မန်နေ့ နေ့လယ် (၃) နာရီခွဲအချိန်က လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြိုနယ်၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး "ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကစံဆံတော်ရှင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ခြင်းမင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတွင် စေတီတော်ဂေါပကအဖွဲ့ကကြီးမှုး၍ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီ (၁၈) ဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းတပ်ဆင်ခြင်း မင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား မြန်မာသက္ကရာဇ် ၁၃၈၇ ခု နတ်တော်လပြည့် (စာဆိုတော်နေ့) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နံနက် (၆) နာရီအချိန်က စေတီတော်ရင်ပြင် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ် ” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ပြည်သူလက်ဝယ်အရောက် ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်ရဲရိပ်သာရပ်ကွက် မော်တော်ဆိပ်ကမ်းခရီးသွားပြည်သူများ၊ ရဲရိပ်သာရပ်ကွက်အတွင်းရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဈေးဆိုင်ခန်းများနှင့် ဝန်ထမ်းအိမ်ရာများ၊ YBS ကားဂိတ်များနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး