ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေးတစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း (Door to Door) စနစ်ဖြင့် ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။

ရန်ကင်းမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ရန်ကင်းမြို့နယ်အတွင်းရှိ ကောလိပ်ကျောင်းနှင့် ပြည်သူများထံသို့ ဒီဇင်ဘာ ၁ ရက်နေ့ မွန်းတည့်(၁၂)နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ အခြေခံမဲစာရင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ မကျန်ရှိစေရေး Door To Door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အခြေခံမဲစာရင်းတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ မကျန်ရှိစေရေးရည်ရွယ်ကာ မဲစာရင်းများကို Door To Door စနစ်ဖြင့် အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဗဟန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲစာရင်းမကျန်ရှိစေရေး မဲစာရင်းမြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်နေ့နက်ပိုင်းမှစ၍ သတ်မှတ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး (Door to Door) မြေပြင်ကွင်းဆင်းဆက်လက်ဆောင်ရွက်လျက်ရှိ

၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့် မဆုံးရှုံး‌စေရေးတို့အတွက် ၂၈-၁၁-၂၀၂၅ နေ့မှ မှစတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အသီးသီးသို့ သွားရောက်ကာ သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်းလိုက်လံ၍ (Door to Door) မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက အလုံလမ်းရှိ My Garden စားသောက်ဆိုင်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းဗိုလ်ကဦးဆောင်၍ အခွန်ဆိုင်ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းဆက်လက်ကောက်ယူ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး၊ မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် မြို့နယ်မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူ​ခြင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး( Door to Door) တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်းအပိုင်းလိုက် သက်ဆိုင်ရာတာ၀န်ရှိသူများက ဆက်လက်ပြီး တစ်အိမ်တက်ဆင်းလိုက်လံကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် အံကြီးအနောက်ရပ်ကွက်ရှိ အ.ထ.က (ခွဲ) အ.လ.က (၃) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး