ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများအားကျန်းမာရေးအသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများအားကျန်းမာရေးအသိပညာ‌ ပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများကို ယနေ့နံနက် ၉ နာရီက စောရန်ပိုင်အနောက်ရပ်ကွက်၊ စကားစိမ်းလမ်းရှိ သာသနာ့အလင်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်လွဲ ညနေ (၄) နာရီအချိန်က ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်‌ (တောင်ပိုင်း) မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၁၀) အခြေခံပညာအလယ်တန်းကျောင်း (အ.ထ.က-ခွဲ) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်‌ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် တာ၀န်ရှိသူများက ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် သုဓမ္မာလမ်းမ (ပိတောက် ၄ လမ်းမှ သုနန္ဒာလမ်း) အထိ လမ်းနယ်နိမိတ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

တောင်ဥက္ကလာပမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ နန္ဒဝန်ဈေး၊ YBS ကားဂိတ်များနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းအချိန်က "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးပါဝင်သည့် အဖွဲ့များဖွဲ့စည်းပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ကောက်ယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြိူ့သစ် (တောင်ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် ဆန္ဒမဲပေးပိုင်ခွင်ရှိသူများ မဲပေးပိုင်ခွင်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေး၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေးပြည့်ဝစွာ ရရှိစေရေးအတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုပြီး ရပ်ကွက်နေပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး