မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချပေး
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ခြင်းကို နိုဝင်ဘာလ(၁၄)ရက်နေ့နံနက် ၉ နာရီ အချိန်အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။