ဒဂုံမြို့သစ် (တောင်ပိုင်း) ရွာသာကြီးစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၆၅၀) အား မီးငြှိမ်းသတ်နည်း အသိပညာပေး
စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးစက်မှုဇုန် ဂရုဏာလမ်းရှိ King Leat ဖိနပ်စက်ရုံ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၆၅၀) ဦးအား အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။