ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးဝန်ထမ်းများလုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်ရှိ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း၌ ကျင်းပခဲ့သည်။