ရန်ကုန်တိုင်းဒေသကြီး

နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ Project Show (2025) & Job Fair ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Project Show (2025) & Job Fair ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မှော်ဘီ)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းနှင့် ပညာရပ်ဆိုင်ရာအဖွဲ့စည်းများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမဆောင်၊ ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် မီးသင်္ဂြုလ်စက်အဆောက်အဦ တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅.၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြုံတကင်းကျေးရွာဘက်စုံ သုံးခန်းမဆောင် တည်ဆောက်မည့်မြေနေရာ၊ ဝါးဘိုးစု သပြေတန်းကျေးရွာတွင်းလမ်းအား ဂဝံလမ်းခင်း ခြင်းဆောင်ရွက်မည့် မြေနေရာနှင့် စစ်ပင်ဝဲကျေးရွာ မီးသင်္ဂြုလ်စက်အဆောက်အဦ တည်ဆောက် မည့်မြေနေရာတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာပေဥယျာဉ်(Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက  Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျုံကန်ကျေးရွာအုပ်စုရှိ မိုးစပါးဧက( ၁၀၀. ၀၀)စံပြစိုက် ခင်း၌ ယမန်နေ့မွန်းလွဲ  ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သင်္ဃန်းကျွန်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယုဇနအလင်းတန်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာဒါနသင်တန်းခန်းမဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၉၄)ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၏ မတည်ရန်ပုံငွေနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေဖြင့် တည်ဆောက်သည့် ယုဇနအလင်းတန်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာဒါနသင်တန်းခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်ရေး အသိညာပေး ဟောပြောပွဲ တာမွေမြို့နယ်၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများပပျောက်ရေး အသိညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းအချိန်က သင်္ဃန်းကျွန်းခရိုင်လူမှု ဝန်ထမ်းရုံး၏ စီစဉ်မှုဖြင့်ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းသတ်ရေးသရုပ်ပြ

မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ   ယနေ့နံနက် ၉ နာရီ၃၀မိနစ်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊  ဆရာစံလမ်းရွာသာကြီးစက်မှုဇုန်ရှိ  Myanmar Handsome အထည်ချုပ်စက်ရုံမှ ဝန်ထမ်း (၃၀၀) ဦးအား အသိပညာပေး ဟောပြောခြင်းနှင့်အတူ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းသို့ ရောက်ရှိနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ဆောင်ရွက်ပေးသည်။

ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများပြုလုပ်

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကပြုလုပ် ခဲ့ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး