ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းသို့ ရောက်ရှိနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ဆောင်ရွက်ပေးသည်။

ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများပြုလုပ်

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကပြုလုပ် ခဲ့ကြောင်းသိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး ပုံမှန်ဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့နယ်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်စေရန် ယနေ့နံနက် (၈)တွင် ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်နှင့် စည်ပင် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့ဝင်လမ်းဘေးနှင့် မြို့တွင်းမိန်းလမ်းဘေးရှိ ရေနုတ်မြောင်းအား ချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင်မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးထားသော မိုးစပါးစံကွက်ရိတ်သိမ်း 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်၌ မျိူးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထား သောမိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို   ယမန့်နေ့က   အင်္ဂလုံးကျေးရွာအုပ်စု ကွင်းအမှတ် (၃၈၁) ဧရိယာ၅ဧကရှိတောင်သူဦးမြင့်ဦး၏ လယ်မြေ၌ စံကွက်ရိတ်သိမ်းပွဲကျင်းပသည်။

ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဥ် ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP သင်တန်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဥ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP သင်တန်းကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက လေးကျွန်းမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဇမ္ဗူဒီပ ဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆေးစစ်ဆေးကုသပေးခြင်းကို အောက်တိုဘာ၂၇ရက် နံနက်ပိုင်းက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ပြုလုပ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းကျင်းပသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲ(Humanitarian Diplomacy Workshop )ကို  ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotelတွင် ပြုလုပ်သည်။

သန်လျင်မြို့နယ် အောင်မြေအင်အား အ.လ.ကကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်၊ အောင်မြေအင်အား အခြေခံပညာ အလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး