လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။