ရန်ကုန်တိုင်းဒေသကြီး

တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို အောက်တို ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဒေါက်တာမေမွန်၏ "အကောင်းဆုံးတွေပဲဖြစ်စေချင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာမ ဒေါက်တာမေမွန်၏ "အကောင်းဆုံးတွေပဲဖြစ်စေချင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

ကွမ်းခြံကုန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ်၌ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းသရုပ်ပြဟောပြောပွဲပြုလုပ်

ပန်းဘဲတန်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းသရုပ်ပြ ဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧကရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနက ဦးဆောင်၍ ကွင်းဆင်းဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းဆေးကုဌာနက ဦးဆောင်၍ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အင်အားသစ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာ ၂၄ ရက်နေ့နံနက် ၁၀ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမ မို့(သဲကုန်း) ရေးသားထားသည့် “အစွမ်းအစ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒါးပိန် တိုက်နယ်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကု

ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ပံ့ပိုးများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ ရန်ကုန်အရိုးအထူးကုဆေးရုံကြီး၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနပူးပေါင်း၍ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်ကို  အောက်တိုဘာလ (၂၃) ရက်နေ့၌  ဒါးပိန် တိုက်နယ်ဆေးရုံ၊ လှည်းကူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ အထွေထွေရောဂါသမားတော်ဌာန၊ အထွေထွေခွဲစိတ်ဌာန၊ သားဖွားမီးယပ်အထူးကုဌာန၊ ကလေးရောဂါအထူးကုဌာန၊ ဆီးချိုနှင့်သွေးချိုအထူးကုဌာန၊ အရိုးအထူးကုဌာန၊ သွားနှင့်ခံတွင်း အထူးကုဌာန၊ အရေပြားအထူးကုဌာန၊ ဓါတ်မှန်ဌာနနှင့် တီဘီရောဂါတိုက်ဖျက်ရေးဌာန စသည့် ဘာသာရပ် (၁၀)ခုမှ လူနာစုစုပေါင်း (၈၂၃)ဦးအားကြည့်ရှုကုသပေး၍ ဆေးနှင့် ဆေးပစ္စည်းများလည်းအခမဲ့ထောက်ပံ့ပေးသည်။

ရန်ကုန်မြို့ Lotte Hotel ၌ MYANWEN BEAUTY 2025 THE MSME SHOWCASE အခမ်းအနား ကျင်းပ

MYANWEN BEAUTY 2025 THE MSME SHOWCASE အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)မှ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး