ရန်ကုန်တိုင်းဒေသကြီး

ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေးပွဲ သုံးခွမြို့၌ကျင်းပ

ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်‌ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် (မြို့နယ်အားကစားခန်းမ) တွင် အောက်တိုဘာ (၂၃)ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

တွံတေးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကွန်ကရစ်တံတားအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံ‌ငွေဖြင့်ဆောင်ရွက်သည့် ကလီထော်-ရေကျော်-တွံတေး-လှိုင်သာယာလမ်းမကြီးပေါ်တွင် (၁၂) m ကွန်ကရစ်တံတား (၁) စင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအ‌ခြေအနေကို သန်လျင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ) ၊ အရည်အသွေးစစ်ဆေးရေးတာဝန်ခံတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ ရက်နေ့နံနက်(၁၀:၃၀)နာရီက အဆိုပါရုံး၌ ပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်၌ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင်ရှိ/မရှိ ယမန်နေ့နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄)အခြေခံပညာ‌ အလယ်တန်းကျောင်းတွင် ကျန်းမာရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာ‌အလယ်တန်းကျောင်းတွင် ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြ‌‌သည်။

တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေး ဟော​ပြောပွဲ၊ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာရှိ အ.ထ.က(အလယ်ချောင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် မြတ်မြင့်မိုရ်‌ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍   မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က  မြတ်မြင့်မိုရ်‌ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ YCDC Sports Complex Centre ၌ YCDC INVITATION FUTSAL CUP 2025 ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ YCDC INVITATION FUTSAL CUP 2025 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ YCDC Sports Complex Centre တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး