လှိုင်မြို့နယ် စာပေချစ်သူများအဖွဲ့(Book Club)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် စာစီစာကုံးဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများအဖွဲ့(Book Club) နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သော တတိယအကြိမ်မြောက် စာစီစာကုံးဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ်(၁)နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။