ရန်ကုန်တိုင်းဒေသကြီး

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လယ်ယာမြေအား ခွင့်ပြုမိန့်မရရှိဘဲအခြားနည်းဖြင့် အသုံးပြုမူ မရှိစေရေး အသိပေး ရှင်းလင်းပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လယ်ယာမြေအား ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး အသိပေးရှင်းလင်း ဆွေးနွေးပြောကြားခြင်းကို အောက်တိုဘာ (၁၆) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

သန်လျင်မြို့နယ် အ.ထ.က (ပျဉ်ထောင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီက ပျဉ်ထောင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြသည်။

စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ (၁၆) ရက်နေ့က ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဝင်များ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများနှင့်တွေ့ဆုံ

ရန်တိုင်းဒေသကြီး၊သန်လျင်ခရိုင် သန်လျင်မြို့၌ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဒေသ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့များ၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသက်အသုံးပြုခြင်းအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် နေ့လယ်(၁၂)နာရီအချိန်က ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး အလုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောထက်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

တိုက်ကြီးမြို့နယ်၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပံ့ပိုးငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် One Village One Product (OVOP)အစီအစဉ်ဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်းဆောင်ရွက်ကြမည့် သမဝါယမအသင်းသားများအား ပံ့ပိုးငွေပေးအပ်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။

သာကေတမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်း ဖွဲ့စည်းထားရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီက သာကေတမြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အ.မ.က (ငါးခုမ္မစမ်း)၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ အ.မ.က(ငါးခုမ္မစမ်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး