ရန်ကုန်တိုင်းဒေသကြီး

အင်းစိန်မြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ အသိပညာပေးဟောပြော

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety) ဟူသည့် ရည်မှန်းချက်အတိုင်း လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအသိပညာများကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် အ.ထ.က (၇) ကျောင်းတွင် အသိပညာပေး ဟောပြောခဲ့ကြသည်။

သုံးခမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မည့် အ.ထ.က (၁) ကျောင်းကို ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မည့် အ.ထ.က (၁) ကျောင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်၊ ဉာဏ်စမ်းနှင့်ဂိမ်းပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ စကားပုံဆက်၊ ဉာဏ်စမ်း၊ ဂိမ်းပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။

ကျောက်တံခါးမြို့နယ်၌ စာဖတ်ရှိန်မြင့်မာရေး  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာလ (၁၆) ရက်နေ့က  အခြေခံပညာအမူလတန်း(လွန်) (ကန်စစ်သား) နှင့် (သာယာကုန်း) ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ပန်းဘဲတန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း အ.မ.က (၃) ပန်းဘဲတန်း၌ အောက်တိုဘာ (၁၆) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာ၀ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာ‌‌စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ခနောင်ချောင်းဝကျေးရွာရှိ အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လယ်ယာမြေအား ခွင့်ပြုမိန့်မရရှိဘဲအခြားနည်းဖြင့် အသုံးပြုမူ မရှိစေရေး အသိပေး ရှင်းလင်းပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လယ်ယာမြေအား ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး အသိပေးရှင်းလင်း ဆွေးနွေးပြောကြားခြင်းကို အောက်တိုဘာ (၁၆) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး