ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်၍ ISPE FC အသင်းအား တွေ့ဆုံပြီး ဘော်လီဘောနည်းပြသင်တန်းဆင်းပွဲအခမ်းအနားနှင့် မွေနှင့် Kickboxing စခန်းဝင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး
၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။