ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်း အနားကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင်ဆက်လက်ကျင်းပရာ ပွဲတော်လာပြည်သူလူထုအနေနှင့် စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာဖြင့်အထူးစည်ကားလျက်ရှိသည်။

လှည်းကူးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၄၇၁၇ ဦးရှိ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ်အဖြစ် ကြေညာထားရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၈၄၇၁၇ဦးထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။

ကျောက်တံတားမြို့နယ်၌ စာအုပ်သစ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

စာရေးဆရာ ခင်မောင်ဌေး(ပညာရေး)၏ မြို့ပခယောင်းလမ်းနှင့် ချိုချိုခါးခါးဘဝစာမျက်နှာများ စာအုပ်သစ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ နေ့ နံနက်မှစ၍ ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကပ်ထားကြေညာထားလျက်ရှိသည်။

တာမွေမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ပေးအပ်ခြင်းခံရသည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန်အတွက် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင် ပါဝင်သည့်မဲဆန္ဒရှင် ပြည်သူအမည်စာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက စက်တင်ဘာလ(၃၀)ရက်နေ့မှစတင်၍ ကြေညာလျက် ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်၌ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ ယမန်နေ့ ညပိုင်းအချိန်တွင်  အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲ သန်လျင်၌ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် (၂၀၂၅)ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး