ဒလမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာမဲရုံများတွင် ယနေ့နံနက် (၆)နာရီအချိန်က စတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။