ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၃၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အ.ထ.က(၁) တွံတေး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုန်းပင်စုရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သင်ကြားပေးခဲ့ကြသောအနန္တဂိုဏ်းဝင်ကျေးဇူးရှင် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးအပေါင်းတို့အား မြတ်ဆရာဂါဝရသဘင်ဆင်ယင်ပွဲကို ဖေဖော်ဝါရီလ(၂)ရက်နေ့ (၉)နာရီအချိန် အ.ထ.က (၁) တွံတေးယုဇနခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ခရမ်းမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦး‌ဇော်ဝင်းသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရမ်းမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှုကို ယမန်နေ့‌ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

မရမ်းကုန်းမြို့နယ် အမှတ်(၃) အခြေခံပညာကျောင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ  မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်ရှိ  မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ (အပိုင်း-၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀:၀၀) နာရီက ဒလမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီး (၁၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ နှစ်ဦးဓမ္မပူဇာ၊ နှမ်းမနဲပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအား  ၁၃၈၇ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ယမန်နေ့ ညနေချမ်းအချိန်က စေတီတော်ရင်ပြင် စနေထောင့် မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်၌ ရွှေမော်တင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်ငှက်မြတ်နားတော်နှင့် ဘက်စုံပြုပြင်လှူဒါန်းပူဇော်ပွဲ ​ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ရှေးဟောင်းသမိုင်ဝင်ဆံတော်ရှင် ရွှေမော်တင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ လုံးတော်ပြည့်စတီးရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဘက်စုံပြုပြင်မွန်းမံလှူဒါန်းပူဇော်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်သည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီး (၁၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ နှစ်ဦးဓမ္မပူဇာ၊ နှမ်းမနဲပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအား ၁၃၈၇ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၆ ခုနှစ် ယမန်နေ့ ညနေချမ်းအချိန်က စေတီတော်ရင်ပြင် စနေထောင့်မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို လသာမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး