ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ် မြန်မာ့ရိုးရာထမနှဲထိုးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသော ရပ်ကွက်ပေါင်းစုံမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ ဘောလုံးကွင်း၌ကျင်းပရာ ပြိုင်ပွဲဝင်ပေါင်း(၁၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သို့ အလှူငွေများပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့ အမှတ်( ၂)အခြေခံပညာ အထက်တန်းကျောင်း၌ထမနဲထိုးပြိုင်ပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရွေးကောက်ပွဲ အပိုင်း ( ၃) အောင်မြင်စွာကျင်းပနိုင်ရေး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင်ခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်း စားများအား ဇန်နဝါရီလ ၂၁ ရက်မှ စတင်၍ မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ်၌ မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးလိုက်လံအသိပေးဆော်သြခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည််။

သန်လျင်မြို့ ဘုံပျံဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာများနှင့် စားသောက်ပစ္စည်းများ ပေးအပ်လှူဒါန်း

‎‎သန်လျင်ခရိုင် သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ဘုံပျံဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာနှင့် စားသောက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါပညာရေးကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/ မရှိကို ယနေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး