ရန်ကုန်တိုင်းဒေသကြီး

တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တွံတေးခရိုင်ကိုယ်စားပြုအတွက် (၅) မြို့နယ်မှ အားကစားသမားများ ရွေးချယ်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အသက် (၂၁) နှစ်အောက် (၁၄) ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တွံတေးခရိုင်ကိုယ်စားပြုသည့် (၅) မြို့နယ်မှ အားကစားသမားများ ရွေးချယ်ခြင်းကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက တွံတေးမြို့မအားကစား၌ ကျင်းပပြုလုပ်ခဲ့သည်။

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (Book Club) စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာရေးဆရာမ မဝေ (သူဖြူဖြိုး) "ဘဝမှတ်တမ်းရဲ့ အလွမ်းကဗျာ" ရသဝတ္ထုဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

လသာမြို့နယ်၌ မဲပေးစက်များ လွှဲပြောင်းပေးအပ် ပို့ဆောင်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထားရှိသော မဲပေးစက်အလုံး (၉၀) ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စနစ်တကျ စစ်ဆေးရေတွက်ပြီး လိုအပ်သည့် မြို့နယ်များသို့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်သို့ MEVM မဲပေးစက်များ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်သို့ ရောက်ရှိ‌လာကြပြီဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ဇန်နဝါရီ ၁၃ ရက်နေ့ နေလယ် ၁၁ နာရီအချိန်က ရောက်ရှိရာ သာကေတမြို့နယ် ရဲစခန်းဓမ္မာရုံ၌ ကောမှူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးကျော်ဇင်ထက်မှ လွှဲပြောင်းပေးအပ်ခဲ့ရာ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် MEVM နည်းပညာအထောက်အကူပြုအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ် MEVM နည်းပြအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဒေါ်နှင်းယုကျော်နှင့် အဖွဲ့မှ လက်ခံဆောင်ရွက်ထားရှိကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ​မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊​ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မြို့နယ်များသို့ မဲ‌ပေးစက်များ သွားရောက်ပို့ဆောင်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ‌ကော့မှူးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (၆၂) ခုရှိ မဲရုံ (၁၂၀) ရုံများတွင် အသုံးပြုခဲ့သော MEVM မဲပေးစက် (၅၂၅) လုံးနှင့် အရန်မဲပေးစက် (၇၂) လုံး၊ စုစုပေါင်း မဲပေးစက် (၅၉၇) လုံးကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်က ကော့မှူးမြို့နယ်‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ဆောင်ရွက်မည့် မြို့နယ်များသို့ လိုက်လံပို့ဆောင်ပေးနေကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ရောက်ရှိသည်။

လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “စဥ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ” စာအုပ်စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubအဖွဲ့ တို့ပူးပေါင်း၍ စာပေချစ်သူများ စာဖတ်ပရိသတ်များ၊ စာပေကိုပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ မင်းဗထူးရေးသားသည့် “စဥ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
Subscribe to ရန်ကုန်တိုင်းဒေသကြီး