ရန်ကုန်တိုင်းဒေသကြီး

မှော်ဘီမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေး အသိပညာပေးဟောပြောခြင်းနှင့် အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံနှင့်အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပတ်တန်းကျေးရွာအုပ်စု၊ ကိုးတောင်ရိုးကျေးရွာ၊ အ.မ.က (ကိုးတောင်ရိုး) ကျောင်း၌ ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်များ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီက အမှတ်(၆)ရပ်ကွက် သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုနယ်မြို့၌ ကြိုတင်မဲပေးနိုင်ရေးမဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ကြိုတင်မဲပေးနိုင်ရေးအတွက် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိသည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ​မြေပြင်ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊​ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်-သုံခွ-ခရမ်းမြို့နယ်များသို့ ဆက်သွယ်ထားသော လမ်းမကြီးအား လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် လမ်းဦးစီးဌာနမှ ခရီးသွားပြည်သူများ လျှင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးအတွက် သန်လျင်-သုံခွ-ခရမ်းမြို့နယ်များသို့ ဆက်သွယ်ထားသော လမ်းမကြီးအား လမ်းတိုးချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

‎​ကျောက်တန်းမြို့နယ် အ-လ-က (ခွဲ) အဒွတ္တောကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

‎သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ် အ-လ-က (ခွဲ)  အဒွတ္တောကျောင်းတွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသား ၄၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

MEVM မဲပေးစက်များ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမသို့ ရောက်ရှိ

အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ မြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်ခန်းမသို့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦး၊ ရွှေပြည်သာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ထက်စုလှိုင်ဦးစီး၍ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးမြို့နယ်ခန်းမသို့ ပြောင်းရွှေ့ရောက်ရှိသည်။

ကော့မှူးတွင် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက စာရေးဆရာနတ်သျှင် (ရွှေဂူ) ရေးသားသည့်“ လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး