ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေး ညှိနှိုင်းဆွေးနွေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးပွဲ ယမန်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပဆောင်ရွက်

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အမှတ် (၁၀) ရပ်ကွက် ဟေမဝန်ဓမ္မာရုံတွင် ယနေ့နံနက် (၇) နာရီခွဲက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ မိခင်နှင့် ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ပုံမှန်ကွင်းဆင်းစစ်ဆေးနေမှု

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဒုဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၈) နာရီအချိန်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများစစ်ဆေး

ကျောက်တန်းမြို့၊  သီလဝါပြည်တွင်းစက်မှုဇုန်၊ ‌မြေကွက်အမှတ် (၆) ရှိ Diamond Rental Myanmar ယန္တရားငှားရမ်းခြင်းလုပ်ငန်း မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုးမှ သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊

ဗိုလ်တထောင်မြို့နယ်တွင် ပါတီ ၉ ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်က လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် ပါတီပေါင်း ၉ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မိသားစုဝင်များ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ(၈)တွင် ပြည်သူများနှင့်အတူ ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား စနစ်တကျ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး ရွေးချယ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယမန်နေ့နံနက် (၆)နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင် ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ အမှတ်(၄၀၀)နေ ဦးဇင်မင်းနိုင် ပိုင်ဆိုင်သည့် ဆုမြတ်-၃ စားသောက်ဆိုင်တွင် ယမန်နေ့ညနေ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ အမှတ်(၃)လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီးပေါ် ၌ ယမန်နေ့ည ၇ နာရီခန့်က YGN ------- ခဲရောင်ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး