(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စာပြန်သံဃာများအား ဒုတိယဝန်ကြီးဦးအေးထွန်း ဖူးမြော်ကြည်ညို
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ အာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်တို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရတိပိဋကကောဝိဒဩဝါဒါ စရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။