မှော်ဘီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများဖြန့်ဝေ
မှော်ဘီခရိုင်မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မြန်မာအီလက်ထရောနစ်မဲ ပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၈နာရီအချိန်မှ စတင်၍မြို့နယ်သာသနာ့ဗိမာန် ဓမ္မာရုံစုရပ်ထားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။