နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ (နဝမ) အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) မင်္ဂလာဒုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် အရာရှိ/စစ်သည်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုကော်မတီအတွင်းရေးမှူးများ၊ ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ၊ တိုင်းဒုတိယဥက္ကဋ္ဌများ၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သွေးလှူရှင် (၁၀၂) ဦးတို့ တက်ရောက်ကြသည်။