ရန်ကုန်တိုင်းဒေသကြီး

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းရှိ Kg ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေး‌မွေး

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်(ဋ)ရပ်ကွက်ရှိ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းရှိ Kg ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်​​နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ၁၀/မြောက်ရပ်ကွက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၁၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၂)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပ

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်း ၆/၂၀၂၅ ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ လူမှုဝန်ထမ်းကျောင်းဝန်းအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၆/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ထပ်ဆင့်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပါတီစုံအ‌ထွေထွေရွေးကောက်ပွဲမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ထပ်ဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်‌ ရေဖြူတွင်းကျေးရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ရေဖြူတွင်းကျေးရွာ၌  ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ညက ကျင်းပသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းအချိန်က “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို  အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

ကွမ်ခြံကုန်းမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်ခြံကုန်းမြို့နယ်၊ တိုက်ကြီ‌ကျေးရွာ၌ ကရင်သက္ကရာဇ်၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ယမန်နေ့ည ၆ နာရီက တိုက်ကြီးကျေးရွာ လယ်ကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ် ဗျောက်ရိုးကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအုပ်စု၊ ဗျောက်ရိုးကျေးရွာ၌ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ယနေ့ညနေ ၆ နာရီက ဗျောက်ရိုးကျေးရွာ လယ်ကွင်းပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး